← Home
GAD news 17 Dec, 2026

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အားကစားကွင်းအတွင်း၌ (၃၈)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဘောလုံးအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်၊ နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်အားကစားကွင်းအတွင်း၌ ( ၃၈ )နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဘောလုံးအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဟိန်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အရာထမ်း/ အမှုထမ်းများ စုစုပေါင်းအင်အား ၁၈၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။