သတင်းများ

သတင်းများ
21 Apr, 2026

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ ရေနီကန်ကျေးရွာ၊ ပျားလုပ်ငန်းဌာနခွဲ၊ အခြေစိုက် ပျားဘုရင်မမွေးမြူရေးစခန်းနှင့် စံပြဝက်မွေးမြူရေးခြံများသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ နံနက် ၁၀ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော် မြို့နယ်၊ ရေနီကန်ကျေးရွာ၊ ပျားလုပ်ငန်းဌာနခွဲ၊ အခြေစိုက်ပျားဘုရင်မမွေးမြူရေးစခန်းတွင် ပျားများမွေးမြူ ထားရှိမှုအခြေအနေနှင့် စံပြဝက်မွေးမြူရေးခြံ၌ ဝက်များမွေးမြူထားရှိမှုအခြေအနေများအား ပြည်နယ် ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းတို့နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြား ခဲ့ပါကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
21 Apr, 2026

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါအချက်အလက်များအား ထပ်ဆင့်ချပြရှင်းလင်း

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ခရိုင်၊ ကော့သောင်းမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်မှ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါအချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်သွားကြရန်နှင့် အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်အား အကောင်အထည်ဖော်ဆောင်ရာတွင် မိမိတို့ဌာနနှင့် သက်ဆိုင်သည့်ကဏ္ဍများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရေးအတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အရာထမ်း/ အမှုထမ်းများအား ထပ်ဆင့်ချပြရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
21 Apr, 2026

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ တေဇ အစည်းအဝေးခန်းမတွင် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါအချက်အလက်များအား ထပ်ဆင့်ချပြရှင်းလင်း

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး တေဇအစည်းအဝေးခန်းမတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းမှ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်သွားကြရန်နှင့် အစိုးရသစ်၏ရက်(၁၀၀) စီမံချက်အား အကောင်အထည်ဖော်ဆောင်ရာတွင် မိမိတို့ဌာနနှင့် သက်ဆိုင်သည့်ကဏ္ဍများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရေးနှင့် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ လမ်းညွှန် မှာကြားချက်များအား ထပ်ဆင့်ချပြရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
21 Apr, 2026

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သနပ်ပြင်ကျေးရွာအုပ်စုရှိ နွေစပါးစံကွက် ရိတ်သိမ်းခြင်းနှင့် တောင်သူများအား ဓာတ်မြေသြဇာ၊ တိုက်ရိုက်အစေ့ချကိရိယာ(Seeder)နှင့် ၂ ချပ်တွဲဆိုလာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူး မြို့နယ်၊ သနပ်ပြင်ကျေးရွာအုပ်စုရှိ တောင်သူဦးအောင်လွင်၏ နွေစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် တောင်သူများအား မိုးစပါးအတွက် မျိုးစပါး၊ ဓာတ်မြေသြဇာ၊ တိုက်ရိုက်အစေ့ချကိရိယာ(Seeder)နှင့် ၂ ချပ်တွဲဆိုလာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
21 Apr, 2026

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ စက်သုံးဆီလုပ်ငန်းပိုင်ရှင်များအား တွေ့ဆုံဆွေးနွေး

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ခရိုင်အတွင်း စက်သုံးဆီများပြတ်လပ်မှု မရှိစေရေးနှင့် တရားမဝင်ရောင်းချခြင်းများမဖြစ်ပေါ်စေရေးအတွက် ခရိုင်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များမှ စက်သုံးဆီလုပ်ငန်းပိုင်ရှင်များအား တွေ့ဆုံဆွေးနွေး၍ ညွှန်ကြားချက်များအားလိုက်နာဆောင်ရွက် နိုင်ရေးနှင့် လုပ်ငန်းရှင်များ၏ မြေပြင်အတွင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် တွေ့ကြုံနေရသည့် အခက်အခဲများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
21 Apr, 2026

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ သာသနာ့ဗိမာန်(မြို့လယ်ဓမ္မာရုံ)၌ ၂ဝ၂၆ ခုနှစ်၊ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ သာသနာ့ဗိမာန်(မြို့လယ်ဓမ္မာရုံ)၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂ဝ၂၆ ခုနှစ်၊ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာ အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေး စောင့်ရှာက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သင်တန်းတက်ရောက်ကြမည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သား/သမီး ၁၅၀ ဦးတို့နှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
20 Apr, 2026

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ပုန်ခုန်ကောင်းရပ်ကွက်ရှိ ဟူးကောင်းခန်းမ၌ ကျင်းပပြုလုပ်သည့် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ခြင်း အခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၉ ရက်၊ နေ့လည် ၁ နာရီတွင် ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ပုန်ခုန်ကောင်းရပ်ကွက်ရှိ ဟူးကောင်းခန်းမ၌ ကျင်းပပြုလုပ်သည့် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ခြင်း အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ ၊ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ စုစုပေါင်းအင်အား ၁၆၀ ဦး တက်ရောက်ခဲ့ပြီး ဘိုးဘွား ၁ ဦးလျှင် ဆန်၊ ဆီ၊ ဆေး၊ အိုဗာတင်းပုလင်းနှင့် ငွေသား ၅၀၀၀၀ ကျပ် စုစုပေါင်းတန်းဖိုး ၁၁၂၀၀၀ ကျပ်နှုန်းဖြင့် ဘိုးဘွား ၁၀၆ ဦးထံသို့ ထောက်ပံ့ကန်တော့ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
20 Apr, 2026

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ ဓမ္မသဘင် မဏ္ဍပ်၌ ကျင်းပပြုလုပ်သည့် မြန်မာနှစ်သစ်ကူးတရားသဘင်ပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၉ ရက်၊ ည ၇ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့၊ ရုံးကြီး ရပ်ကွက်၊ ဆေးရုံလမ်းနှင့်ပြည်တော်သာလမ်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ ဓမ္မသဘင်မဏ္ဍပ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရား အလှူတော် ဓမ္မသဘင်ပူဇော်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့်ဇနီး၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူ များနှင့်အတူ တက်ရောက်ခဲ့ပြီး ဓမ္မပူဇာအလှူငွေ ၇၅ သိန်းကျပ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
20 Apr, 2026

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ဘုရားဖြူရပ်ကွက်ရှိ ထီသိမ်(View Point) ပန်းခြံအဆင့်မြှင့်တင်တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးဆောင်ရွက်နေမှု အခြေအနေ များအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၉ ရက်၊ နေ့လည် ၃ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီး မြို့နယ်၊ ဘုရားဖြူရပ်ကွက်ရှိ ထီသိမ်(View Point)ပန်းခြံအဆင့်မြှင့်တင်တည်ဆောက်ခြင်းနှင့် ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးဆောင်ရွက်နေမှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
20 Apr, 2026

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည့် မူလတန်းပြ ဆရာ/ ဆရာမများအား အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်၊ နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည့် မူလတန်းပြ ဆရာ/ ဆရာမ များအား အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းညွန့်၊ ထားဝယ်တက္ကသိုလ်မှ ဆရာ/ ဆရာမများ၊ ခရိုင်/ မြို့နယ် ပညာရေးမှူးနှင့် မူလတန်းပြဆရာ၊ ဆရာမများစုစုပေါင်း ၁၅၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
10 Apr, 2026

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက်မှ သဲကျောက်လုပ်ကွက် လျှောက်ထားလာမှုအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်၊ နေ့လယ် ၁ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနား မြို့နယ်၊ စီတာပူရပ်ကွက်မှ သဲကျောက်လုပ်ကွက်လျှောက်ထားလာမှုအား တည်နေရာမှန်ကန်မှု ရှိ/ မရှိနှင့် စည်းကမ်းချက်များနှင့်ကိုက်ညီမှု ရှိ/ မရှိအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
10 Apr, 2026

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ မကောကျေးရွာအုပ်စုရှိ“ဒိုးကလေး(၄)”စက်သုံးဆီအ‌ရောင်းဆိုင် ဆောက်လုပ်ရန်လျာထားသည့် မြေနေရာသို့ ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်၊ နေ့လယ် ၂ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ မကောကျေးရွာအုပ်စုရှိ “ဒိုးကလေး(၄)” စက်သုံးဆီအ‌ရောင်းဆိုင် ဆောက်လုပ်ရန်လျာထားသည့် မြေ နေရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →