← Home
GAD news
20 Oct, 2026
သရက်မြို့နယ်၊ ကိုးပင်ကျေးရွာအုပ်စု၊ မုံဇလီကျေးရွာ၊ တောင်သူ ဦးလှသိန်းပါ ၁၇ ဦးတို့မှ စိုက်ပျိုးထားသော မိုးစပါး(အောင်နိုင်တိုး) အထွက်တိုးစံပြကွက်၌ ရိတ်သိမ်း ချွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေး
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ကိုးပင်ကျေးရွာအုပ်စု၊ မုံဇလီကျေးရွာ၊ ကွင်းအမှတ်(၅၂)၊ ကိုးပင်ကွင်း၊ ဦးပိုင်အမှတ်(၂၅၃)၊ ဧရိယာ ၂.၂၅ ဧကတွင် တောင်သူ ဦးလှသိန်းပါ ၁၇ ဦးတို့မှ စိုက်ပျိုးထားသော မိုးစပါး(အောင်နိုင်တိုး) အထွက်တိုးစံပြကွက်၌ ရိတ်သိမ်းချွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ စုစုပေါင်းအင်အား ၅၀ ဦးတို့ နှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။