GAD Myanmar
အခြေခံမူများ
နိုင်ငံတော်မူဝါဒ လိုက်နာရေး (Policy) | အခြေခံသဘောတရားနှင့် ကိုက်ညီရေး (Principle) | လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး (Procedure) | ကျယ်ကျယ်ပြန့်ပြန့်စဉ်းစား။ | အင်တိုက်အားတိုက်လုပ်။ | မှန်မှန်ကန်ကန်ပြော။ | ခိုင်ခိုင်မာမာရပ်တည်။ | ရိုးရိုးသားသား ကျင့်ကြံနေထိုင်ပြောဆို။ | ပြည်သူတွေနှင့် ပြေပြေပြစ်ပြစ် ယဉ်ယဉ်ကျေးကျေးဆက်ဆံ။ |

နိုင်ငံတော်ရှေ့လုပ်ငန်းစဉ် (၄) ရပ်

State Roadmap

မှတ်တမ်းဓာတ်ပုံများ

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သတင်းများ

သတင်းများအားလုံးကြည့်ရန် →
လွိုင်ကော်မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့မှ ယာယီနေရပ်စွန့်ခွာရာမှ ပြန်လည်ရောက်ရှိနေထိုင်သည့် နေရပ်ပြန်ပြည်သူ အိမ်ထောင်စု ၆၈ စုတို့အား ဒေသမျိုးသန့်တိရစ္ဆာန်များပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်
28 Oct, 2026

လွိုင်ကော်မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့မှ ယာယီနေရပ်စွန့်ခွာရာမှ ပြန်လည်ရောက်ရှိနေထိုင်သည့် နေရပ်ပြန်ပြည်သူ အိမ်ထောင်စု ၆၈ စုတို့အား ဒေသမျိုးသန့်တိရစ္ဆာန်များပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့မှ ယာယီနေရပ်စွန့်ခွာရာမှ ပြန်လည် ရောက်ရှိနေထိုင်သည့် နေရပ်ပြန်ပြည်သူ အိမ်ထောင်စု ၆၈ စုတို့အား မွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် ဝက် ၃၅ ကောင်၊ ဆိတ် ၁၅ ကောင်နှင့် ကြက် ၁၈၀ ကောင် ဒေသမျိုးသန့် တိရစ္ဆာန်များပေးအပ်ခြင်းအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးအံ့မော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ သက်ဆိုင်ရာ ဌာနများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်ဖတ်ရှုရန် →
ရေဦးမြို့နယ်၊ ရေဦးမြို့၊ ရွှေပြည်သာရပ်ကွက်၊ ဥယျာဉ် ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ရပ်ကွက်နေပြည်သူများကို အယ်လ်နီညိုရာသီဥတုနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်
28 Oct, 2026

ရေဦးမြို့နယ်၊ ရေဦးမြို့၊ ရွှေပြည်သာရပ်ကွက်၊ ဥယျာဉ် ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ရပ်ကွက်နေပြည်သူများကို အယ်လ်နီညိုရာသီဥတုနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်၊ ရေဦးမြို့၊ ရွှေပြည်သာရပ်ကွက်၊ ဥယျာဉ်ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက်နေပြည်သူများကို အယ်လ်နီညိုရာသီဥတုနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းသူရသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်ဖတ်ရှုရန် →
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ၂၀၂၆ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲတွင် အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် ဆုတံဆိပ်များရရှိခဲ့သော တိုင်းဒေသကြီးလက်ဝှေ့ အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်
28 Oct, 2026

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ၂၀၂၆ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲတွင် အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် ဆုတံဆိပ်များရရှိခဲ့သော တိုင်းဒေသကြီးလက်ဝှေ့ အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ နံနက် ၁၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ၂၀၂၆ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲတွင် အမျိုးသမီး တံခွန်စိုက်ဆုဖလားနှင့် ဆုတံဆိပ်များရရှိခဲ့သော တိုင်းဒေသကြီးလက်ဝှေ့အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလက်ဝှေ့အဖွဲ့အားကစားသမားများ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသော အားကစားသမားများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်ဖတ်ရှုရန် →
မြင်းခြံခရိုင်ပြည်သူ့ဆေးရုံ၌ (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် ခရိုင်/ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်
28 Oct, 2026

မြင်းခြံခရိုင်ပြည်သူ့ဆေးရုံ၌ (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် ခရိုင်/ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံ၌ (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ စုစုပေါင်းအင်အား ၇၀ ဦးတို့ တက်ရောက် ခဲ့ပြီး သွေးလှူဒါန်းသည့် ဝန်ထမ်းများအား ဖြည့်စွက်အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်ဖတ်ရှုရန် →
ရမည်းသင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာများအတွင်း ရေဝင်ရောက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆး
28 Oct, 2026

ရမည်းသင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာများအတွင်း ရေဝင်ရောက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆး

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ အောက်တိုဘာလ ၂၇ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ဆုံဆည်၏ လက်ရှိရေပြည့်မှတ်အထက် ၁.၃‌ ပေခန့် ရောက်ရှိပြီး ရေပိုလွှဲမှ ကျော်လွန်နေသဖြင့် ဆည်ထိပ်၊ ဈေးကုန်း၊ ဥသျှစ်ပင်၊ ရွာမကျေးရွာများတွင် ၁.၅ ပေခန့် ရေဝင်ရောက်မှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကူညီကယ်ဆယ်ရေး အဖွဲ့များ အသင့်စုဖွဲ့ထားရှိပါကြောင်း သတင်းရရှိပါသည်။

အသေးစိတ်ဖတ်ရှုရန် →
ကမာရွတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြို့နယ်များမှ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသူ များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်
28 Oct, 2026

ကမာရွတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြို့နယ်များမှ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသူ များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြို့နယ် များမှ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခေတ္တအုပ်ချုပ်ရေးမှူး ဦးဝေဖြိုးမောင်၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးသူများ တက်ရောက်ခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးသူများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်ဖတ်ရှုရန် →

အများပြည်သူသိရှိရန် ထုတ်ပြန်ကြေညာချက်များ

ကြေညာချက်များအားလုံးကြည့်ရန် →
အထွေထွေ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ထုတ်ပြန်ထားရှိမှုအား ထုတ်ပြန်ကြေညာခြင်း

20 Oct, 2026

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များအား Website Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါရန် အသိပေးဖော်ပြအပ်ပါသည်။

အထွေထွေ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 မှ ဆုံးဖြတ်ချက်အမှတ် SC/16446 ဖြင့် ထုတ်ပြန်ထားရှိ

18 Sep, 2026

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 မှ ဆုံးဖြတ်ချက်အမှတ် SC/16446 ဖြင့် ထုတ်ပြန်ထားရှိသည့် လူပုဂ္ဂိုလ်အမည်စာရင်းများ ထုတ်ပြန်ကြေညာခြင်း

အထွေထွေ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 မှ ဆုံးဖြတ်ချက်အမှတ် SC/16435 ဖြင့် ထုတ်ပြန်ထားရှိသည့် လူပုဂ္ဂိုလ်အမည်စာရင်းများအား သိရှိနိုင်ပါရန် ထုတ်ပြန်ကြေညာခြင်း

03 Sep, 2026

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 မှ ဆုံးဖြတ်ချက်အမှတ် SC/16435 ဖြင့် ထုတ်ပြန်ထားရှိသည့် လူပုဂ္ဂိုလ်အမည်စာရင်းများအား သိရှိနိုင်ပါရန် ထုတ်ပြန်ကြေညာအပ်ပါသည်။

အထွေထွေ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 မှ ဆုံးဖြတ်ချက်အမှတ် SC/16432 နှင့် SC/16433 ဖြင့် ထုတ်ပြန်ထားရှိသည့် လူပုဂ္ဂိုလ်အမည် စာရင်းများအား သိရှိနိုင်ပါရန် ထုတ်ပြန်ကြေညာခြင်း

01 Sep, 2026

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 မှ ဆုံးဖြတ်ချက်အမှတ် SC/16432 နှင့် SC/16433 ဖြင့် ထုတ်ပြန်ထားရှိသည့် လူပုဂ္ဂိုလ်အမည် စာရင်းများအား သိရှိနိုင်ပါရန် ထုတ်ပြန်ကြေညာအပ်ပါသည်။

အထွေထွေ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 မှ ဆုံးဖြတ်ချက်အမှတ် SC/16407 ဖြင့် ထုတ်ပြန်ထားရှိသည့် လူပုဂ္ဂိုလ်အမည် စာရင်းများအား သိရှိနိုင်ပါရန် ထုတ်ပြန်ကြေညာခြင်း

17 Jul, 2026

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 မှ ဆုံးဖြတ်ချက်အမှတ် SC/16407 ဖြင့် ထုတ်ပြန်ထားရှိသည့် လူပုဂ္ဂိုလ်အမည် စာရင်းများအား သိရှိနိုင်ပါရန် ထုတ်ပြန်ကြေညာအပ်ပါသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကြေညာချက်

UEC Logo

မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်းသည့် Website နှင့် Mobile Application တို့ကို လေ့လာဖတ်ရှုနိုင်ပြီဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်း

State Seal Logo

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်တွင် ထုတ်ပြန် ပြဋ္ဌာန်းလိုက်ပါသည်။