အမှတ်(၄) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၇-၁၀-၂၀၂၄)ရက်၊ (၁၃၀၀)အချိန်တွင် အမှတ်(၄)ရဲလေ့ကျင့်ရေး သင်တန်းကျောင်းမှ တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်း (မြို့နယ် အုပ်ချုပ်ရေးမှူး)၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ အမှတ်(၄)ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက မြို့နယ် အတွင်း မိုးသည်းစွာရွာသွန်းပြီးနောက် ရပ်ကွက်/ ကျေးရွာအုပ်စုများနှင့် စာသင်ကျောင်းများတွင် တင်ကျန်ခဲ့သောရွှံ့နွံများအား ဖယ်ရှားရှင်းလင်းခြင်းတို့ ကူညီဆောင်ရွက်ပေးခဲ့ပြီး သင်တန်း ကျောင်းသို့ ပြန်လည်ထွက်ခွာမည့် အမှတ်(၄)ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ တပ်ဖွဲ့ဝင် (၁၂၁)ဦးတို့အား ထောက်ပံ့ငွေ (၉၀၀,၀၀ဝိ/-) ထောက်ပံ့ပေးအပ်ခဲ့ပြီး လက်ဖက်ရည်နှင့် မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါသည်။