ရေဘေးရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်(ခရိုင်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ (၄-၁၀-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် လွိုင်လင်မြို့၊ အနောက်ကျောင်းတိုက် ရေဘေးရှောင်စခန်း၌ ရောက်ရှိနေသည့် ရေဘေးရှောင် ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥနှင့် ရေသန့်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။