လွိုင်လင်မြို့ တိုးဂိတ်အနီး မိုးရွာသွန်းမှုကြောင့် ကားလမ်းရေကျော်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်(ခရိုင်အုပ်ချုပ်ရေးမှူး) သည် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ (၃-၁၀-၂၀၂၄)ရက်၊ (၁၂၀၀)အချိန်တွင် လွိုင်လင်မြို့ တိုးဂိတ်အနီး ကားလမ်းရေကျော်နေမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။