သတင်းများ
သတင်းများ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၊ ဈေးပိုင်းရပ်ကွက်၊ ဆရာစံခန်းမ၌ မြို့နယ်အတွင်း၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်၊ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၊ ဈေးပိုင်းရပ်ကွက်၊ ဆရာစံခန်းမ၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက် စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်သင်တန်းသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်၊ နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်သင်တန်းသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရပ်ကွက်/ ကျေးရွာအုပ်စု ၅ ခုမှ ကြီးကြပ်ရေးအဖွဲ့များနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း သင်တန်းသား ၃၅ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်းနှင့် UID ကတ်ပြားများထုတ်ပေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ နိုင်ငံတော် အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်းနှင့် UID ကတ်ပြားများထုတ်ပေးနေမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး UID ကတ်ပြားများအား ပြည်သူများလက်ဝယ်သို့ ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ စိတ္တသုခ ကျောင်းတိုက်၌ ဗန်းမော်ခရိုင်ယာယီနေရပ်စွန့်ခွာပြည်သူများကို စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ ခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ စိတ္တသုခကျောင်းတိုက်၌ ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ မန္တလေးတိုင်းဒေသကြီးအတွင်း တိမ်းရှောင်လာသည့် ဗန်းမော်ခရိုင်မှ ယာယီနေရပ်စွန့်ခွာ ပြည်သူများကို စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးကျော်မင်းခိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ မိုးရာသီကာလရေကြီးရေလျှံမှုမရှိစေရေးနှင့် မြို့တော် သန့်ရှင်းသာယာလှပစေရေးအတွက် ဟာဘိချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်၊ နံနက် ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ မိုးရာသီကာလရေကြီးရေလျှံမှုမရှိစေရေးနှင့် မြို့တော်သန့်ရှင်းသာယာလှပစေရေးအတွက် ဟာဘိချောင်း တစ်လျှောက် နုန်းဆည်ခြင်းနှင့် အမှိုက်ဖယ်ရှားခြင်း၊ ချောင်းအတွင်းရေစီးရေလာအဟန့်အတား ဖြစ်စေသည့် နုန်းမြေများ၊ ဒိုက်များနှင့်အမှိုက်သရိုက်များကို Amphibious Excavator(ဘက်ဟိုး)များဖြင့် စနစ်တကျတူးဖော်ဖယ်ရှားဆောင်ရွက်နေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ ပြည်နယ်အားကစားကွင်း၌ ၂၀၂၆ ခုနှစ်၊ ပြည်နယ်လူငယ်ရေးရာကော်မတီ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့်အားကစားသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ ပြည်နယ်အားကစားကွင်း၌ ၂၀၂၆ ခုနှစ်၊ ပြည်နယ်လူငယ်ရေးရာကော်မတီ၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့်အားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ နှင့်အတူ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ (၂၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်၊ နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ (၂၈)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးရဲတပ်ဖွဲ့ဝင်များနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ လမ်းဦးစီးရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ခရိုင်အတွင်းရှိ KTV နှင့် စင်တင်တေးဂီတဆိုင်ပိုင်ရှင်များအား ညွှန်ကြားချက်များနှင့် ပတ်သက်၍ ချပြရှင်းလင်းခြင်းများဆောင်ရွက်
၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ လမ်းဦးစီးရိပ်သာအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့် ခရိုင်အတွင်းရှိ KTV နှင့် စင်တင်တေးဂီတဆိုင်ပိုင်ရှင်များအားတွေ့ဆုံပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဟိန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး KTV နှင့် စင်တင်တေးဂီတဆိုင်ရာညွှန်ကြားချက်များနှင့်ပတ်သက်၍ ချပြရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသိပေးမှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် Unique ID နံပါတ်ဆောင်ရွက်ပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် Unique ID နံပါတ်ဆောင်ရွက်ပေးနေမှု အခြေအနေများအား တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေး၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်အဆင့်သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အနော်ရထာ လမ်း၊ အမှတ်(၃၂၀/၃၃၂) အမျိုးသားကြက်တောင်အားကစားခန်းမ၌ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်၊ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အနော်ရထာလမ်း၊ အမှတ်(၃၂၀/၃၃၂) အမျိုးသားကြက်တောင် အားကစားခန်းမ၌ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးဥက္ကာ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင်နှင့် အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်ကစားသမားများ၊ နည်းပြများ နှင့်အတူ စုစုပေါင်း ၅၀၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ရပ်ကွက်များအတွင်းရှိ ချောင်းများရေစီးရေလာ ကောင်းမွန်ရေး၊ မိုးရာသီရေကြီးရေလျှံမှုမရှိစေရေးနှင့် မြို့တော်သန့်ရှင်းသာယာလှပစေရေးအတွက် မြစ်ထွက်ပေါက်များ ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်၊ နေ့လယ် ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ရပ်ကွက်များအတွင်းရှိချောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ မိုးရာသီရေကြီးရေလျှံမှုမရှိစေရေးနှင့် မြို့တော်သန့်ရှင်းသာယာလှပစေရေးအတွက် မြစ်ထွက်ပေါက်များ ရှင်းလင်းဆောင်ရွက်နေမှု အခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကုဋေထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်ဇင်မျိုးထွန်း၊ ခရိုင်/ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးများနှင့် အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု တာဝန်ခံများ) ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၌ လမ်းဘေးရေမြောင်းများတူးဖော်ဆောင်ရွက်ရေးနှင့် လမ်းဘေးဝဲယာတစ်လျှောက် အရိပ်ရလေကာပင်များစိုက်ပျိုးနိုင်ရေးအတွက် ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်၊ နံနက် ၉ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၌ ရေစီးရေလာကောင်းမွန်စေရန်လမ်းဘေးရေမြောင်းများတူးဖော်ဆောင်ရွက်ရေးနှင့် လမ်းဘေးဝဲယာ တစ်လျှောက် စိမ်းလန်းစိုပြေစေရေး အရိပ်ရလေကာပင်များစိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →