သတင်းများ

သတင်းများ
22 May, 2026

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်းရှိ ကျောင်းများရှေ့၌ ကျောင်းအပ်နှံရေး ဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်၊ နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံ မြို့နယ်အတွင်းရှိ ကျောင်းများရှေ့၌ ကျောင်းနေအရွယ်ကလေးများအားလုံး အပြည့်အဝကျောင်းအပ်နိုင်ရေး အတွက် “၂၀၂၆-၂၀၂၇ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားသို့ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ လူရည်ချွန်ကျောင်းသား/ ကျောင်းသူများ ဆရာ/ ဆရာမများ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
22 May, 2026

အမှတ်(၃)စစ်အခြေခံလေ့ကျင့်ရေးတပ် အုပ်ချုပ်မှုခန်းမ၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြှင့် မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ မြင်းနားကျေးရွာအုပ်စု၊ ရွှေနန်းပေါ်ကျေးရွာရှိ အမှတ်(၃)စစ်အခြေခံလေ့ကျင့်ရေးတပ် အုပ်ချုပ်မှုခန်းမ၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြှင့် မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဆင်းပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်၊ အမှတ်(၃)စစ်အခြေခံလေ့ကျင့်ရေးတပ်မှူး ဗိုလ်မှူးကြီး ဇော်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
22 May, 2026

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကံ့ကော်ရပ်ကွက်ရှိ ပြည်သူ့ဈေးရှေ့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး အပြည့်အဝကျောင်းအပ်နိုင်ရေးအတွက် ကျောင်းအပ်နှံရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်၊ နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကံ့ကော်ရပ်ကွက်ရှိ ပြည်သူ့ဈေးရှေ့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ လမ်းသွားလမ်းလာ ပြည်သူများနှင့် ဈေးရောင်း/ ဈေးဝယ်ပြည်သူများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး အပြည့်အဝကျောင်းအပ်နိုင်ရေးအတွက် ကျောင်းအပ်နှံရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
21 May, 2026

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့၊ ဝါတိုးရပ်ကွက်ရှိ အထက(၅)ကျောင်းရှေ့နှင့် အောင်မင်္ဂလာရပ်ကွက်ရှိ အထက(၁)ကျောင်းရှေ့တို့၌ ကျောင်းအပ်နှံရေးဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်၊ နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့၊ ဝါတိုးရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးရှေ့၊ အထက(၅)ကျောင်းရှေ့နှင့် အောင်မင်္ဂလာ ရပ်ကွက်ရှိ အထက(၁)ကျောင်းရှေ့တို့၌ ကျောင်းနေအရွယ်ကလေးများအားလုံး အပြည့်အဝ ကျောင်းအပ်နိုင်ရေးအတွက် “၂၀၂၆-၂၀၂၇ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
21 May, 2026

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်၊ နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး အတွက် “၂၀၂၆-၂၀၂၇ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
21 May, 2026

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဦးဝိစာရလမ်း၊ အထက(၁)ကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးမြေစိုက်ပိုစတာဗီနိုင်းစိုက်ထူခြင်း အခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်၊ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ် မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဦးဝိစာရလမ်း၊ အထက(၁)ကျောင်းတွင် ကျောင်းနေအရွယ်ကလေးများ အားလုံး အပြည့်အဝကျောင်းအပ်နိုင်ရေးအတွက်“၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးမြေစိုက် ပိုစတာဗီနိုင်းစိုက်ထူခြင်းအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေနှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
20 May, 2026

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၄) ရပ်ကွက်၊ ရာပြည့်လမ်းနှင့် ဘီအိုစီလမ်းရှိ ရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းတူးဖော်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်၊ နေ့လယ် ၃ နာရီ ၄၅ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၄) ရပ်ကွက်၊ ရာပြည့်လမ်းနှင့် ဘီအိုစီလမ်းရှိ ရေနုတ်မြောင်းများရေစီးရေလာ ကောင်းမွန်စေရန်ရေနုတ်မြောင်းတူးဖော်ဆောင်ရွက်နေမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ သက်ဆိုင်ရာဌာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
20 May, 2026

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ လွန်တောင်းကျေးရွာရှိ အ-ထ-က (လွန်တောင်း)ကျောင်းဆောင်သစ်ဖွင့်လှစ်ခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ ခရိုင်၊ မတ္တရာမြို့နယ်၊ လွန်တောင်းကျေးရွာရှိ အ-ထ-က(လွန်တောင်း)ကျောင်းဆောင်သစ်ဖွင့်လှစ်ခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦအောင်ဆွေ၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမိုးဟန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့် ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
20 May, 2026

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ပျော်ဘွယ်မြို့၊ မြင်းဘက်ရပ်ကွက်ရှိ ရွှေဆိုင်များအား ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းရှိ/ မရှိအခြေအနေများအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း ခရိုင်၊ပျော်ဘွယ်မြို့၊ မြင်းဘက်ရပ်ကွက်ရှိ ရွှေဆိုင်များအား ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းရှိ/ မရှိအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရွှေလုပ်ငန်းရှင်များအသင်းအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
20 May, 2026

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ စမ်းကြီးရပ်ကွက်ရှိ ခေတ်ဦးကွန်ပျူတာပန်းထိုးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်၊ နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၌ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်မှုအနေဖြင့် စမ်းကြီးရပ်ကွက်ရှိ ခေတ်ဦးကွန်ပျူတာပန်းထိုးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ခရိုင်စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
20 May, 2026

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်အတွင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးလှုပ်ရှားမှုလက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်၊ နံနက် ၉ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ ခရိုင်၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်အတွင်းနှင့် မေဃဂီရိရပ်ကွက် ညောင်ပင်ဈေး၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များမှ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျောင်းနေအရွယ်ကလေးများအားလုံး အပြည့်အဝ ကျောင်းအပ်နိုင်ရေး အတွက် ကျောင်းအပ်နှံရေးလှုပ်ရှားမှု လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
20 May, 2026

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ပြည်နှင်လွှဲပြောင်းနိုင်ရေး ကြီးကြပ်ဆောင်ရွက်

၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်၊ နံနက် ၁၀ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၅ ဦး၊ ဘူရွန်ဒီနိုင်ငံသား ၅ ဦး၊ ကင်ညာနိုင်ငံသား ၅ ဦး၊ ယူဂန်ဒါနိုင်ငံသား ၃ ဦး နှင့်သီရိလင်္ကာနိုင်ငံသား ၃ ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၂၁ ဦးတို့အား ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာသံရုံးတာဝန်ခံများထံသို့ ပြည်နှင်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်/ မြို့နယ် သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြီးကြပ် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်အထိ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားစုစုပေါင်း ၁၄၆၅၈ ဦးအနက် ၁၃၄၄၃ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် နိုင်ငံခြားသား ၁၂၁၅ ဦိးအနက် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)အရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား ၇၆၆ ဦးရှိသည့်အတွက် ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၄၄၉ ဦးတို့အား သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လွှဲပြောင်းပေးရန် အသင့် ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →