← Home
လုံခြုံရေး
13 Mar, 2026
ရှမ်းပြည်နယ်၊ လားရှိးခရိုင်၊ လားရှိုးမြို့ပေါ်တွင် အများပြည်သူလုံခြုံရေးအရ CCTV Camera အသစ် တပ်ဆင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်၊ နံနက် ၉ နာရီ ၅၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိးခရိုင်၊ လားရှိုး မြို့ပေါ်တွင် လားရှိုးမြို့ပြန်လည်ထူထောင်ရေးအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ခွင့်ပြုထားသည့် အများပြည်သူလုံခြုံရေးအရ CCTV Camera အသစ်တပ်ဆင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် CCTV Camera တပ်ဆင်မည့်နေရာများအား ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။