← Home
ပညာရေး
11 Mar, 2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်နှင့် ပျဉ်းမနားခရိုင်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းစာဖြေဌာနများတွင် Grade-12 ကျောင်းသား/ ကျောင်းသူများတက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေမှုအခြေအနေများအား ကြည့်ရှုအားပေး
၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်၊ နံနက် ၈ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေး ခရိုင်နှင့် ပျဉ်းမနားခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းစာဖြေဌာနများတွင် Grade-12 ကျောင်းသား/ ကျောင်းသူများတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအခြေအနေများအား နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့မှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။