← Home
GAD news
24 Aug, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်းမြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုရုံးခန်း၌ ကျင်းပပြုလုပ်သည့် သဘာဝပတ်ဝန်းကျင်နှင့်တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအသိပညာပေးအမြင်ဖွင့် ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၂၄ ရက် နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်း မြို့နယ်၊ ဟုမ္မလင်းမြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုရုံးခန်း၌ ကျင်းပပြုလုပ်သည့် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအသိပညာပေးအမြင်ဖွင့်ဆွေးနွေးပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်