← Home
GAD news
24 Aug, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ နန်ကျင်ကျေးရွာအုပ်စု၊ ဒင်္ဂလိုရွာ၊ ကွင်းအမှတ်(၅၉)၊ ဦးပိုင်အမှတ်(၈၄/က)၌ စိုက်ပျိုးထားရှိသည့် ငွေတိုးမျိုးစပါးစိုက်ခင်းအောင်မြင် ဖြစ်ထွန်းနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၂၄ ရက် နံနက် ၁၁ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနား မြို့နယ်၊ နန်ကျင်ကျေးရွာအုပ်စု၊ ဒင်္ဂလိုရွာ၊ ကွင်းအမှတ်(၅၉)၊ ဦးပိုင်အမှတ်(၈၄/က)၌ တောင်သူ ဒေါ်ငေါ့ယန်းဂျာလှိုင် စိုက်ပျိုးထားရှိသည့် ငွေတိုးမျိုးစပါးစိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေ အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းသည် ခရိုင်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်