← Home
GAD news
21 Aug, 2026
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သဇင်မြိုင်၊ ချယ်ရီမြိုင်နှင့် မြိုင်ကြီး တို့၌ ကျင်းပပြုလုပ်သည့် နှစ်ပေါင်း ၁၀၀ အထက်ရှိသည့် ရှေးဟောင်းအဆောက်အအုံများအား ကမ္ဗည်းမော်ကွန်းကြေးပြားတပ်ဆင်ခြင်းအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်၊ နေ့လယ် ၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သဇင်မြိုင်၊ ချယ်ရီမြိုင်နှင့် မြိုင်ကြီးတို့၌ ကျင်းပပြုလုပ်သည့် နှစ်ပေါင်း ၁၀၀ အထက်ရှိသည့် ရှေးဟောင်းအဆောက်အအုံများအား ကမ္ဗည်းမော်ကွန်းကြေးပြားတပ်ဆင်ခြင်းအခမ်းအနားသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ မန္တလေးတိုင်း ဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်သက်ဆိုင်ရာဌာန များမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်းအင်အား ၃၀ ဦးတို့ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်