← Home
GAD news
19 Aug, 2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ခရိုင်လမ်းဦးစီးရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ခရိုင်ပေါင်းစုံအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ကျောက်ဆည်ခရိုင်အသင်းအား ဂုဏ်ပြုဆု ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ခရိုင်လမ်းဦးစီးရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက် ၁၉ နှစ်အောက် ခရိုင်ပေါင်းစုံအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ကျောက်ဆည်ခရိုင် အသင်းအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဟိန်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အားကစားနှင့်ကာယဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။