← Home
GAD news 19 Aug, 2026

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း(၂/၂၀၂၆)တွင် တက်ရောက်နေသည့်သင်တန်းသားများအား ထောက်ပံ့ပေးအပ်

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်၊ နေ့လယ် ၁ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေး ခရိုင်၊ ဒက္ခိဏသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၂/၂၀၂၆)သင်တန်းသို့ နေပြည်တော်ကောင်စီအတွင်းရေးမှူး/ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းနှင့် အဖွဲ့သည် လယ်ဝေးခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ သွားရောက်၍ သင်တန်းတက်ရောက် လျက်ရှိသည့် သင်တန်းသား ၇၇ ဦးတို့အတွက် ထောက်ပံ့ငွေ ၅၀၀၀၀ဝိ/- ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်