← Home
GAD news
19 Aug, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဟံသာဝတီအစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းအမှတ်စဉ်(၂/၂၀၂၆)တွင် သင်ခန်းစာဘာသာရပ်များ ဆွေးနွေးပို့ချ
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်၊ နေ့လယ် ၁ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဟံသာဝတီအစည်းအဝေးခန်းမ၌ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်သည် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်းအင်အား ၅၂ ဦးတို့ တက်ရောက်လျက်ရှိသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းအမှတ်စဉ် (၂/၂၀၂၆)တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုင်တွယ်ကျင့်သုံးလျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေ ဘာသာရပ်များအား ဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိပါသည်