← Home
GAD news
18 Aug, 2026
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)၌ ဖွင့်လှစ်သည့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (မန္တလေး)၌ ဖွင့်လှစ်သည့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/ သူများ စုစုပေါင်းအင်အား ၃၆ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်