← Home
အခမ်းအနားများ
10 Mar, 2026
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မုဆိုးညောင်ပင်ကျေးရွာတွင် (၈၁)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုလာစနစ်ဖြင့် ငမိုးရိပ်လျှပ်စစ်မြစ်ရေတင်နှင့် ကျေးရွာမီးလင်းရေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်၊ နံနက် ၇ နာရီ ၄၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မုဆိုးညောင်ပင်ကျေးရွာတွင် (၈၁)နှစ်မြောက်တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ဆိုလာစနစ်ဖြင့် ငမိုးရိပ်လျှပ်စစ်မြစ်ရေတင်နှင့် ကျေးရွာမီးလင်းရေးဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ZYP Co.,Ltd မှ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။