← Home
GAD news
14 Aug, 2026
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့၊ အမှတ်(၁၃)ရပ်ကွက်ရှိ အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်း၌ “ကလေးငယ်များ အာဟာရပြည့်ဝရေးငှက်ပျောစိုက်ပျိုးရေးစီမံချက်”ဖြင့် ကျင်းပပြုလုပ်သည့် ငှက်ပျောပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံ မြို့နယ်၊ မြင်းခြံမြို့၊ အမှတ်(၁၃)ရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ “ကလေးငယ်များ အာဟာရပြည့်ဝရေးငှက်ပျောစိုက်ပျိုးရေးစီမံချက်”ဖြင့်ငှက်ပျောပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ဆရာ/မများ ၊ ကျောင်းသား / သူများ၊ ရပ်မိရပ်ဖများ စုစုပေါင်းအင်အား ၁၆၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်