← Home
GAD news 13 Aug, 2026

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာအုပ်စုရှိ ငွေတိုးမျိုးစပါးစိုက်ခင်းများ ဖြစ်ထွန်းနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်၊ နံနက် ၁၁ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနား မြို့နယ်၊ နန်းကွေ့ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၆၆)၊ ဦးပိုင်အမှတ်(၂/၄-က)ရှိ တောင်သူဦးရှဲနောင်၏ ငွေတိုးမျိုးစပါးစိုက်ခင်း ၁.၅၀ ဧကနှင့် ဦးပိုင်အမှတ်(၂/၄-ခ)ရှိ တောင်သူဦးကေဆိုင်း၏ ငွေတိုးမျိုးစပါး စိုက်ခင်း ၃.၁၈ဧက တို့ဖြစ်ထွန်းနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းသည်ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်