← Home
GAD news
11 Aug, 2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ မူလွန်(၁၀) ကျောင်း၌ “ကလေးငယ်များအာဟာရပြည့်ဝရေး ငှက်ပျောစိုက်ပျိုးရေးစီမံချက်” ဖြင့် ငှက်ပျောပင်စိုက်ပျိုးခြင်း အခမ်းအနား
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ မူလွန်(၁၀)ကျောင်း၌ “ကလေးငယ်များအာဟာရပြည့်ဝရေး ငှက်ပျောစိုက်ပျိုးရေးစီမံချက်”ဖြင့် ငှက်ပျောပင်စိုက်ပျိုးခြင်းအခမ်းအနားပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဒေါက်တာလှကြွယ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွန့်၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်းအင်အား ၂၂၀ ဦးဖြင့် ငှက်ပျောပင်(ဖီးကြမ်း) ၁၀၈ ပင်အား စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်