← Home
GAD news
11 Aug, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမရှိ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၃/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနား
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီးကလေးအလုပ်သမားပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းဖန်တီး ပေးရေးကော်မတီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ ကွန်ပျူတာသင်တန်းအမှတ်စဉ်(၃/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်သည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။