← Home
GAD news 10 Aug, 2026

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ပဲခူးမြို့၌ တိုင်းဒေသကြီးလူငယ်ရေးရာဦးစီးဌာနမှကြီးမှူး၍ ကျင်းပ ပြုလုပ်သည့် ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၉ ရက်၊ နံနက် ၈ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ပဲခူးမြို့၌ တိုင်းဒေသကြီးလူငယ်ရေးရာဦးစီးဌာနမှကြီးမှူး၍ ကျင်းပပြုလုပ်သည့် ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ပြည်သူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့်အတူ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲဝင်ဆုရအားကစားသမားများအား ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။