← Home
GAD news
07 Aug, 2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ မုတ်ကျွန်းတာကြံ့ခိုင်မှုရှိစေရေး ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်၊ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်း မြို့နယ်အတွင်းရှိ လယ်ယာမြေနှင့် ကျေးရွာများရေကြီးနစ်မြုပ်မှုနှင့် ရေငန်ဝင်ရောက်မှုတို့မှ အဓိက ကာကွယ်ပေးနေသည့် မုတ်ကျွန်းတာကြံ့ခိုင်မှုရှိစေရေးနှင့် ဒီရေဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညွန့်နွယ်သည် ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးအဖွဲ့တို့မှ တာကြံ့ခိုင်မှုအခြေအနေများအား အမြဲမပြတ်စောင့်ကြပ်ကြည့်ရှုစစ်ဆေးရေး၊ အရေးပေါ်ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အသက်အိုးအိမ်ထိခိုက်မှုနည်းပါးအောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိစေရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။