← Home
GAD news 07 Aug, 2026

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများထံသို့ စေတနာရှင်အလှူရှင်များမှ လှူဒါန်းသည့်ပစ္စည်းများ စနစ်တကျရောက်ရှိစေရေးပူးပေါင်းဆောင်ရွက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ နံနက် ၇ နာရီတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေသည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများထံသို့ စေတနာရှင် အလှူရှင်များမှ လှူဒါန်းသည့်ပစ္စည်းများ စနစ်တကျရောက်ရှိစေရေး၊ အလှူရှင်၊ စေတနာရှင်များ အနေဖြင့် မိမိအစီအစဉ်ဖြင့် သွားရောက်လှူဒါန်းရာ၌ အသက်အန္တရာယ်ကင်းရှင်းစေရေး၊ ဆက်သွယ်မှု မပြတ်တောက်စေရေး၊ ကွပ်ကဲရေးရုံး၌ ဆိုလာလျှပ်စစ်မီးရရှိရေးနှင့် နောက်ဆက်တွဲကျန်းမာရေး ပြဿနာများမဖြစ်ပွားစေရေးတို့အတွက် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ အသင်းအဖွဲ့များနှင့်အတူ အုပ်ချုပ်ရေးကဏ္ဍမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။