← Home
GAD news 07 Aug, 2026

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ကမ်းနီကျေးရွာရှိ တောင်သူဦး‌လှအောင်၏ ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေစပါး(အောင်နိုင်တိုး)မျိုးစပါး Plasma Treatment စမ်းသပ်ကွက်ရိတ်သိမ်းနေမှုအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး မြို့နယ်၊ ကမ်းနီကျေးရွာရှိ တောင်သူ ဦး‌လှအောင်၏ ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေစပါး(အောင်နိုင်တိုး)မျိုးစပါး Plasma Treatment စမ်းသပ်ကွက်ရိတ်သိမ်းနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်သည် ခရိုင်/ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး Plasma Treatment နည်းပညာဖြင့် စိုက်ပျိုး ထားသော စပါးပင်များ၏ကြီးထွားဖွံ့ဖြိုးမှု၊ အထွက်နှုန်းနှင့်အရည်အသွေးဆိုင်ရာအချက်အလက်များအား သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။