← Home
GAD news 05 Aug, 2026

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ ဘောလခဲမြို့၊ ရှမ်းပိုင်းရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံ၌ ထောက်ပံ့သောဆန်နှင့်အခြေခံစားသောက်ကုန်များအား ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူတို့အတွက် ပေးအပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်၊ နံနက် ၁၀ နာရီတွင် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲ မြို့နယ်၊ ဘောလခဲမြို့၊ ရှမ်းပိုင်းရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံ၌ ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သောဆန်နှင့် အခြေခံစားသောက်ကုန်များအား ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ ၆၂၄ ဦးတို့အတွက် ပေးအပ်နေမှု အခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။