← Home
GAD news
05 Aug, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၄)နှစ်အောက်(အမျိုးသား) U-14 (Boys) Royal-D Cup(2026) ခရိုင်အဆင့်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်၊ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၁၂၀/၁၄၀)ရှိ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ ကျောင်းအားကစားဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည့် အခြေခံပညာ ကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက်(အမျိုးသား) U-14 (Boys) Royal-D Cup(2026) ခရိုင်အဆင့် ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ စုစုပေါင်းအင်အား ၂၀၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။