← Home
ပညာရေး 11 Mar, 2026

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း(ပုံဆန်း)နှင့် အခြေခံပညာ အလယ်တန်းကျောင်း(မွေတော်)တို့၌ RCC ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်၊ နေ့လယ် ၃ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မြန်မာရွှေလီဦးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သော အခြေခံပညာမူလတန်းလွန်ကျောင်း(ပုံဆန်း)၌ ၆၀×၃၀ ပေ RCC ၁ ထပ်ဆောင်နှင့် အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)၌ ၁၂၀×၃၀ ပေ RCC ၁ ထပ်ဆောင်အသစ်တို့ ဆောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး ဦးဆောင်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ခံအင်ဂျင်နီယာများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။