← Home
GAD news
04 Aug, 2026
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်(ခ)ရပ်ကွက်တွင် (၄)ခန်းတွဲ(၃)ထပ် ဝန်ထမ်းအိမ်ရာဆောက်လုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော် မြို့နယ်၊ လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်(ခ)ရပ်ကွက်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ဝန်ထမ်းအိမ်ရာပြင်ဆင်ခြင်း ဆောင်ရွက်မှုအခြေအနေများနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၄)ခန်းတွဲ(၃)ထပ် ဝန်ထမ်း အိမ်ရာဆောက်လုပ်နေမှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။