← Home
GAD news 03 Aug, 2026

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး/ လက်ထောက်ညွှန်ကြားရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်၊ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံ မြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး/ လက်ထောက်ညွှန်ကြားရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးအောင်နိုင်သူ၊ လူမှုရေးရာ၀န်ကြီး ဦးဗိုလ်ဌေး၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယညွန်ကြားရေးမှူးချုပ် ဦးညီညီမင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးဘုန်းမြတ်သူ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သင်တန်းသား/ သူများ စုစုပေါင်းအင်အား ၁၄၀ ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းသား/ သူများအတွက် ဆန်၊ ဆီနှင့် ထောက်ပံ့ကြေး စုစုပေါင်းငွေကျပ် ၈,၉၄၉,၂၅၀ ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။