← Home
GAD news 03 Aug, 2026

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီရောင်းချခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်၊ နံနက် ၁၁ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/ မရှိအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် ခရိုင်/ မြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။