← Home
ကျန်းမာရေး 11 Mar, 2026

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်း ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံ အားကစားသင်တန်းများ သင်ကြားပေးနေမှုအား ကြည့်ရှုအားပေး

News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်း ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများဖြစ်သော ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စစ်တုရင်စသည့် အားကစားနည်းများသင်ကြားပေးနေမှုအား ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းနည်းပြ များအား ထောက်ပံ့ငွေပေးအပ်ခြင်း၊ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ သင်တန်းတက်ရောက် နေကြသည့် ကလေးများအား အချိုရည်နှင့်မုန့်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။