← Home
ပြည်သူ့ဆက်ဆံရေး 11 Mar, 2026

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော စက်သုံးဆီ အရောင်းဆိုင်များ၌ လောင်စာဆီသိုလှောင်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်း ခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း လောင်စာဆီပြတ်လပ်မှုမရှိစေရေးအတွက် ဖွင့်လှစ်ထားရှိသော စက်သုံးဆီဆိုင်များအား စက်သုံးဆီစျေးနှုန်းမြင့်တက်မှုမရှိစေရေးနှင့် လောင်စာဆီသိုလှောင်ထားရှိမှု အခြေအနေများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကို ဦးဆောင်၍ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။