← Home
လုံခြုံရေး
11 Mar, 2026
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ပြည်နှင်လွှဲပြောင်းနိုင်ရေး ကြီးကြပ်ဆောင်ရွက်
၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်၊ နံနက် ၁၀ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ မြို့နယ်၌ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ကြသည့် ဗီယက်နမ် နိုင်ငံသား ၅၅ ဦး ၊ ကင်ညာနိုင်ငံသား ၅ ဦး၊ ဆီးရီးယားလီယွန်နိုင်ငံသား ၄ ဦး၊ နီပေါနိုင်ငံသား ၃ ဦး၊ ရဝမ်ဒါနိုင်ငံသား ၂ ဦး၊ ဘူရွန်ဒီနိုင်ငံသား ၂ ဦး၊ ကွန်ဂိုနိုင်ငံသား ၁ ဦး၊ လိုက်ဘေးရီးယားနိုင်ငံသား ၁ ဦး၊ စုစုပေါင်းနိုင်ငံခြားသား ၇၃ ဦးအား ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာသံရုံးတာဝန်ခံများထံသို့ ပြည်နှင် လွှဲပြောင်းပေးခဲ့ပြီး ပါကစ္စတန်နိုင်ငံသား ၂ ဦး၊ ကင်ညာနိုင်ငံသား ၂ ဦး၊ ရဝမ်ဒါနိုင်ငံသား ၂ ဦး၊ နီပေါ နိုင်ငံသား ၁ ဦးနှင့် ဘူရွန်ဒီနိုင်ငံသား ၁ ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၈ ဦးတို့၏ အချက်အလက်များအား စာရင်းကောက်ယူ၍ ၎င်းတို့၏သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လွှဲပြောင်းပေးနိုင်ရေးအတွက် ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်/ မြို့နယ် သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်အထိ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားစုစုပေါင်း ၁၄၃၉၃ ဦးအနက် ၁၃၃၃၅ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်နိုင်ငံခြားသား ၁၀၅၈ ဦးကို သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ လွှဲပြောင်းပေးရန် အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။