← Home
ပညာရေး
11 Mar, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် ရပ်ဝေးဒေသမှ လာရောက်တည်းခိုနေထိုင်လျက်ရှိသည့် ကျောင်းသား/ ကျောင်းသူများနှင့် မိဘများအား သွားရောက်တွေ့ဆုံ
၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်၊ နံနက် ၁၀ နာရီတွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ရပ်ဝေးဒေသမှ လာရောက်တည်းခိုနေထိုင်လျက်ရှိသည့် ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမများ၊ မိဘများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွှန့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ သွားရောက် တွေ့ဆုံ၍ ကျောင်းသား/ကျောင်းသူများနှင့် မိဘများအား နေထိုင်စားသောက်ရေးအဆင်ပြေစေရန် အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။