← Home
ပညာရေး
11 Mar, 2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ အထက(ကျောက်ချက်) စာသင်ကျောင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပပြုလုပ်မည့် ကျောင်းများအား ကွင်းဆင်း စစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ အထက(ကျောက်ချက်)စာသင်ကျောင်း၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပပြုလုပ်မည့် စာသင်ခန်းများပြင်ဆင်ထားရှိမှုနှင့် ပတ်ဝန်းကျင်လုံခြုံရေးဆောင်ရွက် ထားရှိမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောနိုင်၊ ခရိုင်ပညာရေးမှူး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။