← Home
ဒေသဖွံ့ဖြိုးရေး
09 Mar, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ခရိုင် အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းများမြင့်တက်မှုမရှိစေရေးတို့အတွက် တက်ရောက် ဆွေးနွေး
၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်၊ နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ခရိုင်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းများမြင့်တက်မှုမရှိစေရေးတို့အတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ဆွေးနွေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။