← Home
GAD news 09 Mar, 2026

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း၌ သက်မွေးပညာ ကာလတိုသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်၊ နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း၌ ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာရေးနှင့် အသက်မွေး၀မ်းကျောင်းပညာလုပ်ငန်းကော်မတီမှ ကြီးမှူး၍ နွေရာသီကျောင်း အားလပ်ရက်များတွင် ဖွင့်လှစ်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာ ကာလတိုသင်တန်းများဖြစ်သော အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံစက်ချုပ်သင်တန်းနှင့် အခြေခံ အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းနှင့် ဆိုလာတပ်ဆင်ခြင်းသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။