← Home
ဒေသဖွံ့ဖြိုးရေး
07 Mar, 2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်းရှိ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး၊ ပြည်သူများသို့ နေ့စဉ်ပုံမှန်ရောင်းချပေးနိုင်ရေးနှင့် နိုင်ငံတော်မှထုတ်ပြန် ထားသော စုံ/မ ရက်များတွင် သတ်မှတ်ယာဉ်နံပါတ်များသာ ရောင်းချပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ပြည်သူများသို့ နေ့စဉ်ပုံမှန်ရောင်းချပေးနိုင်ရေးနှင့် နိုင်ငံတော်မှထုတ်ပြန်ထားသော စုံ/မ ရက်များတွင် သတ်မှတ်ယာဉ် နံပါတ်များသာ ရောင်းချပေးနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။