← Home
ပညာရေး 07 Mar, 2026

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အခြေခံစာတက်မြောက်ရေးစာသင်ဝိုင်းများတွင် သင်ကြားနေသော စာသင်သားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့်မျက်စိစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက် ပေးနေမှုအား ကြည့်ရှုအားပေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်၊ မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဆောင်ရွက်သည့် အခြေခံစာတက်မြောက်ရေးစာသင်ဝိုင်းများတွင် သင်ကြားနေသောစာသင်သားများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် မျက်စိစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်ပေးနေမှုအား ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း၊ ပြည်သူ့ဆေးရုံတာဝန်ရှိသူများနှင့်အတူ ကြည့်ရှု့အားပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။