← Home
အခမ်းအနားများ 03 Apr, 2026

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ MEC(ရုံးချုပ်)၌ ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီထောက်ပံ့ပေးအပ်မှုအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်၊ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်ရှိ MEC(ရုံးချုပ်)၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များအား ဆန်နှင့်ဆီထောက်ပံ့ပေးအပ်မှုအခမ်းအနားသို့ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းနှင့် အဖွဲ့၀င်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့၀င်များ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဖွဲ့ဝင် ၅၀ ဦးအတွက် တစ်ဦးလျှင် ဆန် ၂၄ ပြည်အိတ်တစ်အိတ်နှင့် ဆီ ၂.၅ ပိဿာနှုန်းဖြင့် စုစုပေါင်း ဆန် ၅၀ အိတ်နှင့် ဆီ ၁၂၅ ပိဿာတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။