← Home
အခမ်းအနားများ 02 Apr, 2026

မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ ရုပ်ရှင်ရုံခန်းမတွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ကို ထမ်းဆောင်လျက်ရှိကြသော တပ်မတော်သားများအား ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်၊ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံ မြို့နယ်၊ မင်္ဂလာဒုံဈေးရပ်ကွက်၊ ပြည်လမ်း၊ အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ ရုပ်ရှင်ရုံ ခန်းမတွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ကိုထမ်းဆောင်လျက်ရှိကြသော တပ်မတော်သား များအား ဂုဏ်ပြုသောအားဖြင့် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့မှ(ဒဿမ)အကြိမ်မြောက် ဒါနဥပပါရမီစုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)တပ်မှူး ဗိုလ်မှူးချုပ် မြင့်ဇော်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဘုန်းမြတ်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူတက်ရောက်ခဲ့ပြီး သွေးလှူရှင် များအား ကြက်ဥ၊ မုန့်နှင့် Royal- D များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။