← Home
သာသနာရေး 31 Mar, 2026

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ အဘိဓမ္မာရတနာဃရဗိမာန်တော်ကြီး၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုသည့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်း မြို့နယ်၊ မြို့မရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ အဘိဓမ္မာရတနာဃရဗိမာန်တော်ကြီး၌ ၂၀၂၆ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပညာ‌ရေးမှူးရုံးမှဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် ကြက်‌ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။