← Home
လုံခြုံရေး 31 Mar, 2026

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ လွယ်ခေါကျေးရွာအုပ်စု၊ (၂၁)မိုင်ပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားမဝင်ကုန်ပစ္စည်းများဝင်ရောက်မှုမရှိစေရေးအတွက် ကုန်ပစ္စည်းတင် မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက် နံနက် ၉ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနား မြို့နယ်၊ လွယ်ခေါကျေးရွာအုပ်စု၊ (၂၁)မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးအတွက် ကုန်ပစ္စည်းတင်မော်တော်ယာဉ်များအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်၍ ခရိုင်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။