← Home
ပြည်သူ့ဆက်ဆံရေး
23 Mar, 2026
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ အတွက် (၁)နှစ်စာရိက္ခာဆန်နှင့် အခြေခံစားကုန်ပစ္စည်းများအား မြို့လယ်ဓမ္မာရုံတွင် စနစ်တကျ သိုလှောင်ထိန်းသိမ်းထားရှိနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်၊ နံနက် ၁၀ နာရီတွင် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် (၁)နှစ်စာရိက္ခာဆန်နှင့် အခြေခံစားကုန်ပစ္စည်းများအား မြို့လယ်ဓမ္မာရုံတွင် စနစ်တကျ သိုလှောင်ထိန်းသိမ်းထားရှိနိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများမှ စုပေါင်း၍ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မြင့် ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူများနှင့်အတူ ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။