← Home
ပြည်သူ့ဆက်ဆံရေး
22 Mar, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသော Online Scam အလုပ်ရုံများမှ မြန်မာအလုပ်သမားများအား သွားရောက်ကြိုဆို
၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်၊ ညနေ ၄ နာရီ ၅၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်လေဆိပ်မှ MAI လေကြောင်းခရီးစဉ်အမှတ် 8M-402 ဖြင့် Online Scam အလုပ်ရုံများမှ မောင်မြင့်ဇော်လတ်ပါ ကျား(၂၃)ဦး၊ မခင်းနှင်းယုပါ မ(၇)ဦး၊ စုစုပေါင်း(၃၀)ဦးတို့ ပြန်လည်ရောက်ရှိ လာမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဘုန်းမြတ်သူ ဦးဆောင်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေး၍ ကြိုဆိုခဲ့ကြောင်း သတင်းရရှိပါသည်။