← Home
အခမ်းအနားများ
19 Mar, 2026
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်ရှိ ပြည်နယ်ခန်းမ၌ (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်း ရပ်ကွက်ရှိ ပြည်နယ်ခန်းမ၌ (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။