← Home
ပညာရေး
18 Mar, 2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တာ(၃)မိုင်မြို့ရှိ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းတွင် ကျောင်းသား/ ကျောင်းသူများ၏ လက်တွေ့သရုပ်ပြဖြေဆိုနေမှုအခြေအနေများအား ကြည့်ရှုအားပေး
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်၊ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တာ(၃)မိုင်မြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများ၏ လက်တွေ့သရုပ်ပြ ဖြေဆိုနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး ဦးဆောင်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။